Print

ကင်ဆာအတွက် ကညွှတ်များ

  30-Oct-2016
Preview Image

နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက်အတွက် ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော် တွေ့ခဲ့ဘူးတယ်။ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ် ကင်ဆာဂျာနယ်ကနေ မိတ္တူကူးထားတဲ့စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။

စာရွက်ကအကြောင်းအရာကတော့Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ)ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။

ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ်။ ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီသူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ တော်တော်များများရှိခဲ့ပါတယ်

အဲ့ဒါတွေကတော့

၁။လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက် မဲ့လုနီးပါး ဖြစ်နေပြီး ဗုံးဗုံးလဲနေပြီဖြစ်ပါတယ်။ ကညွှတ်ကုထုံးနဲ့ တစ်နှစ် ကုသအပြီးမှာတော့ ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်း မပေါ်လာတော့ပါဘူး။ နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။

၂။ အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ် စီးပွားရေးသမား တစ်ယောက်ဟာ ဆီးကြိတ်တည်တဲ့ကင်ဆာကို ခံစားနေရတာ ၁၆ နှစ် ရှိပြီဖြစ်ပါတယ်။ နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်း တို့နဲ့ ကုသခဲ့ပေမယ့်လည်း တိုးတက်လာခြင်း မရှိပါဘူး။ နောက်ဆုံး ၃ လအတွင်း ကညွှတ်ကုထုံးနဲ့ ကုပြီးနောက် စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်တွေ ပျောက်သွားပြီး ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ ဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။

၃။ လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။ ၁၉၇၁ မတ်လ ၅ ရက်နေ့မှာ ခွဲစိတ်ကုသခဲ့ရာမှာ ရောဂါဟာ အလွန်ရင့်ပြီး အမြစ်များဟာ တော်တော် ပြန့်နေတဲ့အတွက် ခွဲစိတ်လို့မရခဲ့ပါဘူး။

ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု ခံယူခဲ့ပါတယ်။ သြဂုတ်လမှာ ဓါတ်မှန် ရိုက်ကြည့်တဲ့အခါမှာ ကင်ဆာလက္ခဏာ ပြနေတာတွေဟာ ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လုပ်နိုင်ခဲ့ပါတယ်။

ပြုလုပ်နည်း

ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်အောင် ကြိတ်ပါ။ ထိုကညွှတ်ရည်ကို ရေခဲသေတ္တာထဲ ထည့်ပြီး လူနာအား တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကိုမနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။

 

Healthcare.com.mm

 

Ref:

Lwin Pyin

Source: ဦးမိုးမင်း



Related Articles


Advertisment 18